Handmade Jewelry Creation 101
(Monthly Class)
ကိုယ်စိတ်ဝင်စားတဲ့ ဟန်းမိတ် လက်၀တ်ရတနာလေးတွေ ဖန်တီးရင်း အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို စတင်လိုက်ရအောင်။
"ကိုယ်စိတ်ဝင်စားတဲ့ လက်မှုပညာရပ်တစ်ခုကို အခြေခံပြီး အရင်းအနှီးနည်းနည်းနဲ့ အိုးမကွာအိမ်မကွာ တစ်နိုင်တစ်ပိုင် စီးပွားရေး စတင်နိုင်ဖို့အတွက် Hers Jewel and Handmade မှ ကူညီပေးသွားမှာပါ။"
သင်တန်းများ
Handmade Jewelry Creation 101 (Monthly Class)
(လစဉ် )အခြေခံ ဟန်းမိတ် လက်ဝတ်ရတနာ ပြုလုပ်နည်းသင်တန်း
Handmade ကိုချစ်မြတ်နိုးပြီး ကိုယ်တိုင် လက်ဝတ်ရတနာလေးတွေ ဖန်တီးဖို့ဝါသနာပါတဲ့ လူတွေအတွက် ပညာမျှဝေပေးရန် ရည်ရွယ်ပြီး လစဉ် တစ်လတစ်ကြိမ် အခြေခံ ဟန်းမိတ် လက်ဝတ်ရတနာ ပြုလုပ်နည်းသင်တန်းလေးတွေကို ဖွင့်လှစ်ပေးနေပါတယ်။ တစ်ခါမှ ဟန်းမိတ်လက်ဝတ်ရတနာလေးတွေ မပြုလုပ်ဘူးတဲ့ Complete Beginner တွေအတွက် သင်တန်းလေးပါ။
သင်တန်းကို လတစ်လရဲ့ အစ ပထမအပတ် (သို့) ဒုတိယအပတ်ရဲ့ တနင်္ဂနွေနေ့တွေမှာ ပြုလုပ်ပေးလေ့ရှိပါတယ်။
သင်တန်းနေရာက Area.39 Workspace မှာပါ။ အမှတ် (၂၀၂)၊ မြေညီထပ်၊ ၃၉ လမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ပါ။
မနက် (၉) နာရီမှ နေ့လည် (၁) နာရီအထိ သင်တန်းကြာချိန် (၄) နာရီဖြစ်ပါတယ်။ Lunch break နဲ့ လေ့လာရေး အစီအဉ်အပါအဝင်ဆိုရင် ညနေ (၃) နာရီခွဲ အထိ ဖြစ်ပါတယ်။
Jewelry Design board, ပလာယာ အမျိုးမျိုး၊ jewelry accessory box စတဲ့ သင်ထောက်ကူပစ္စည်းများ အပါအဝင် သင်တန်းကြေး (၁၀၀,၀၀၀) ကျပ်ပါ။
သင်ကြားပေးမယ့် အကြောင်းအရာတွေကတော့
သင်ထောက်ကူ ပစ္စည်းများနှင့် မိတ်ဆက်ခြင်း
လက်ကောက် ပြုလုပ်နည်း
ဆွဲကြိုး ပြုလုပ်နည်း
နားကပ် နားဆွဲ ပြုလုပ်နည်း
လက်စွပ်ပြုလုပ်နည်း
Foot chain ပြုလုပ်နည်း တွေပဲ ဖြစ်ပါတယ်။
***Bonus အဖြစ် ပုတီးပြုလုပ်နည်း၊ အင်္ကျီ ရင်ဖုံး ကြယ်သီး ပြုလုပ်နည်းနဲ့ keychain ပြုလုပ်နည်းတွေကိုပါ ထပ်ဆောင်း သင်ကြားပေးပါတယ်။***
သင်တန်းချိန်အတွင်း မိမိတို့ ကြိုက်နှစ်သက်ရာ ဒီဇိုင်းလေးတွေကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်အောင် စီစဉ်ပေးထားပါတယ်။
သင်တန်းကနေ ပြန်တဲ့အခါ ကိုယ်တိုင် ပြုလုပ်ထားတဲ့ Jewelry Set လေးတွေကို ဝတ်ပြီးပြန်ကြမယ်။ သင်တန်းပြီးတာနဲ့ ဝါသနာအရ ကိုယ်ပိုင်ဒီဇိုင်းေလေးေတွေ ဖန်တီးတာဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းေတွေကို Handmade Jewelry လေးတွေ လက်ဆောင်ပေးဖို့ ဖြစ်ဖြစ်၊ တစ်နိုင်တစ်ပိုင် စီးပွားရေးဖြစ်ဖြစ် စတင်နိုင်ပါတယ်။
Market Visit: သင်တန်းပြီးတဲ့အခါမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းအမျိုးမျိုးကို ဖန်တီးနိုင်ဖို့ လိုအပ်တဲ့ ကျောက်တွေ၊ ပုတီးစေ့တွေ၊ Jewelry findings တွေ ဝယ်ယူနိုင်တဲ့ဆိုင်တွေကို လေ့လာရေးအဖြစ် လိုက်ပြပေးပါတယ်။