Handmade Jewelry Creation 101
(Online Class)
ကိုယ်စိတ်ဝင်စားတဲ့ ဟန်းမိတ် လက်၀တ်ရတနာလေးတွေ ဖန်တီးရင်း အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို စတင်လိုက်ရအောင်။
"ကိုယ်စိတ်ဝင်စားတဲ့ လက်မှုပညာရပ်တစ်ခုကို အခြေခံပြီး အရင်းအနှီးနည်းနည်းနဲ့ အိုးမကွာအိမ်မကွာ တစ်နိုင်တစ်ပိုင် စီးပွားရေး စတင်နိုင်ဖို့အတွက် Hers Jewel and Handmade မှ ကူညီပေးသွားမှာပါ။"
သင်တန်းများ
Handmade Jewelry Creation 101 (Online Class)
အွန်လိုင်းမှာ လက်ဝတ်ရတနာလုပ်နည်း လေ့လာမယ်
နယ်မှာနေတဲ့ ဟန်းမိတ်လက်ဝတ်ရတနာပြုလုပ်ဖို့ ဝါသနာပါတဲ့ သူတွေနဲ့၊ သင်တန်းကို ကိုယ်တိုင်လာမတက်နိုင်တဲ့ သူတွေအတွက် Hers Jewel and Handmade ရဲ့ Handmade Jewelry Creation 101 (အခြေခံ ဟန်းမိတ် လက်ဝတ်ရတနာပြုလုပ်နည်း)သင်တန်းလေးကို ၂၀၂၀ ခုနှစ် နှစ်လယ်ကနေစပြီး Online မှာ တက်ရောက်နိုင်ပါပြီ။
ဝါသနာပါတဲ့ သူတွေအတွက် အပျင်းပြေစေတဲ့ သင်တန်းလေးတစ်ခု ဖြစ်ပါတယ်။ အလုပ်တစ်ဖက်နဲ့ အိမ်ရှင်မတွေ၊ ကျောင်းစာတစ်ဖက်နဲ့ တက္ကသိုလ်တက်နေတဲ့ ညီမလေးတွေလဲ Online သင်တန်းလေးကို အလုပ်မပျက် ကျောင်းမပျက်ဘဲ ကိုယ်ရဲ့အားလပ်ချိန်မှာ တက်ရောက်နိုင်ပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေကို step by step video လေးတွေနဲ့ သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။
ကျွန်မက အခြေခံကျတဲ့ အချက်အလက်တွေ၊ အသုံးဝင်မယ့် အကြံဉာဏ်တွေကို sharing ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် အားလုံးအခက်အခဲမရှိ လိုက်လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီသင်တန်းမှာ သင်ကြားပေးမယ့် အကြောင်းအရာတွေကတော့
သင်ထောက်ကူ ပစ္စည်းများနှင့် မိတ်ဆက်ခြင်း
လက်ကောက် ပြုလုပ်နည်း
ဆွဲကြိုး ပြုလုပ်နည်း
နားကပ် နားဆွဲ ပြုလုပ်နည်း
လက်စွပ် ပြုလုပ်နည်း
Foot chain ပြုလုပ်နည်း တွေပဲ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဒီသင်တန်းလေး ပြီးတာနဲ့ ကိုယ်တိုင်ဝတ်ဆင်ဖို့ လက်ဝတ်ရတနာ တစ်ဆက်စာကို ရရှိမှာ ဖြစ်ပါတယ်။ Theory ပိုင်းကော လက်တွေ့ကော သင်ကြားရမှာ ဖြစ်တဲ့အတွက် professional ကျကျ ဟန်းမိတ် လက်ဝတ်ရတနာလေးတွေ ပြုလုပ်တတ်သွားမှာ ဖြစ်ပါတယ်။
သင်တန်းပြီးတဲ့အခါမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းအမျိုးမျိုးကို ဖန်တီးနိုင်ဖို့ လိုအပ်တဲ့ ကျောက်တွေ၊ ပုတီးစေ့တွေ၊ Jewelry findings တွေ ဝယ်ယူနိုင်မယ့် လိပ်စာလေးတွေကို လမ်းညွှန်ပေးပါ့မယ်။
သင်တန်းကာလက (၂) ပတ်ကြာမြင့်ပါမယ်။ Jewelry Design board, ပလာယာ အမျိုးမျိုး၊ jewelry accessory box စတဲ့ သင်ထောက်ကူပစ္စည်းများ အပါအဝင် သင်တန်းကြေး (၁၀၀,၀၀၀) ကျပ်ပါ။
သင်ခန်းစာတွေကို ဘယ်လိုပုံစံနဲ့ ပို့ချမလဲ

Online ပေါ်တွင် သိမ်းဆည်းထားသော သင်ခန်းစာများ။
သင်ခန်းစာ video လေးတွေကို သင်တန်းသူ / သားတွေ ကြိုက်တဲ့ အချိန်မှာ ကြည့်လို့ရအောင် Website ပေါ်မှာ တင်ထားပေးမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်သူ တစ်ဉီးချင်းစီ ကိုယ်ပိုင် user name/password နဲ့ log in ဝင်ပြီး လေ့လာရမှာပါ။ ကိုယ်လေ့လာချင်တဲ့ သင်ခန်းစာကို ကိုယ်စိတ်ကြိုက် အဆင်ပြေတဲ့အချိန်မှာ ကြည့်လို့ ရပါတယ်။
အခု သင်တန်း online သင်ခန်းစာတွေကို ၂ ပတ် လိုက်လုပ်ရမှာပါ။ တစ်ပတ်ကို video သုံးခုစီ release လုပ်ပေးမှာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း ဒီ video သုံးခုကို ကိုယ့်အားလပ်တဲ့အချိန်မှာ လေ့လာပြီး ပေးထားတဲ့ အိမ်စာ လေးတွေကို ပြုလုပ်ရပါမယ်။

Online မှ တဆင့် အဖွဲ့လိုက်တွေ့ဆုံပွဲများ။
Online class ဖြစ်တဲ့အတွက် မတတ်မှာကို မစိုးရိမ်ပါနဲ့။… ပြုလုပ်နည်း အဆင့်ဆင့်ကို video လေးတွေနဲ့ စနစ်တကျ သင်ကြားပေးမှာ ဖြစ်တဲ့အပြင် FB group ဖွဲ့ပြီး တစ်ပါတ်တစ်ခါ group meetup လေးတွေ ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် မလုပ်တတ်တာ၊ မေးစရာရှိတာတွေကို group meetup မှာ ဆွေးနွေးနိုင်ပါတယ်။
သင်ခန်းစာတွေကို ဘယ်လိုလေ့လာမလဲ။
Online class မှာ သူ့ရဲ့ အားနည်းချက်တွေ၊ အားသာတဲ့အချက်တွေ ရှိတယ်။ အားသာတာက ဖုန်းတစ်လုံး ရှိရုံနဲ့ သင်ခန်းစာတွေကို အေးအေးဆေးဆေး ကြိုက်တဲ့အချိန်မှာ လေ့လာလို့ရတယ်။ တစ်ဖက်မှာကျတော့ လူတွေရဲ့ အားစိုက်ထုတ်မှု လျော့နည်းနိုင်တာကို တွေ့ရတယ်။ … ကျွန်မတို့ တွေးကြတယ်။… ဒီ video က online မှာ အမြဲရှိနေတာပဲလေ။ ဘယ်အချိန်ကြည့်ကြည့်ပေါ့။ ငါအခု မအားသေးဘူး။ အားရင် လေ့လာတာပေါ့ဆိုပြီး နေတတ်ကြတယ်။
ကျွန်မသင်တန်းသားတွေ ကို အဲ့လို မဖြစ်စေချင်ဘူး။ တကယ်ဝါသနာပါပြီး တကယ်အသုံးချလိုတဲ့ လူတွေကိုပဲ ကျွန်မသင်တန်းကို လာတက်စေချင်တယ်။ အဲ့ဒါကြောင့် ဒီနေရာမှာ ကျွန်မတစ်ခု လေးလေးနက်နက် ပြောချင်တယ်။ Online class ကို ငါအဆုံးထိ သေချာလေ့လာမယ်ဆိုပြီး full commitment ပေးပါ။ အိမ်စာမှန်မှန်လုပ်ပါ။ မေးခွန်းပြင်ဆင်ပြီး Group Meet Up တွေကို အချိန်မှန် တက်ပါ။
သင်တန်းစည်းကမ်းချက်အနေနဲ့ အိမ်စာမှန်မှန်လုပ်ပြီး Group Meetup မှန်မှန်တက်တဲ့ လူတွေကိုပဲ နောက်အပါတ် သင်ခန်းစာတွေကို ဆက်လက်လေ့လာခွင့်ပြုမှာ ဖြစ်ပါတယ်။ အကယ်၍ group meetup ကို အကြောင်းကြောင်းကြောင့် ပျက်ကွက်မည် ဆိုရင် FB messenger မှ ခွင့်တိုင်ပေးရပါမယ်။
သင်တန်းပထမအပတ်အစတွင် video သုံးခုကို release လုပ်ပေးမှာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း ဒီ video သုံးခုကို ကိုယ့်အားလပ်တဲ့အချိန်မှာ လေ့လာလို့ ရပါတယ်။ ပေးထားတဲ့ အိမ်စာ လေးတွေကို ပြုလုပ်ရပါမယ်။
တစ်ပတ်ပြည့်တဲ့ နောက်ဆုံးနေ့မှာ Group meetup ရှိပါမယ်။ မလုပ်တတ်တာ၊ မေးစရာရှိတာတွေကို Group meetup မှာ ဆွေးနွေးနိုင်ပါတယ်။
သင်တန်း ဒုတိယပတ်တွင် နောက်ထပ်video သုံးခုကို release လုပ်ပေးမှာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း ဒီ video သုံးခုကို ကိုယ့်အားလပ်တဲ့အချိန်မှာ လေ့လာလို့ ရပါတယ်။ ပေးထားတဲ့ အိမ်စာ လေးတွေကို ပြုလုပ်ရပါမယ်။
ဒုတိယပတ်ရဲ့ နောက်ဆုံးနေ့မှာ Group meetup ထပ်ရှိပါမယ်။ မလုပ်တတ်တာ၊ မေးစရာရှိတာတွေကို Group meetup မှာ ဆွေးနွေးနိုင်ပါတယ်။
သင်ထောက်ကူ ပစ္စည်းများ ပို့ဆောင်ပေးခြင်း
သင်တန်းသားအသစ်များကို သင်တန်းမစတင်ခင် တစ်ပတ်အလိုအထိ သင်တန်းအပ်လက်ခံပါတယ်။
ရန်ကုန်မြို့မှ သင်တန်းသားများကို Delivery ဖြင့် အိမ်အရောက် သင်ထောက်ကူ ပစ္စည်းများပို့ဆောင်ပေးပါတယ်။ မြို့နယ်ပေါ်မူတည်ပြီး Delivery fee ကျသင့်ပါတယ်။ Delivery fee ကို Delivery သမားအား တိုက်ရိုက်ပေးရပါမယ်။
နယ်မှ သင်တန်းသားများအတွက် အမြန်ချောပို့ဖြင့် သင်ထောက်ကူပစ္စည်းများ ပို့ပေးလို့ရသလို ကားဂိတ်ကနေလဲ ပစ္စည်းချပေးပါတယ်။