Preserved Flower Jewelry
သဘာဝဆန်ဆန် အကြောလေးတွေပါ မြင်နေရပြီး အရမ်းချစ်စရာကောင်တဲ့ Hydrangea (ခေါ်) ခြောက်လခံပန်း လေးတွေကို မညှိုးနွမ်းအောင် အခြောက်ခံပြီး တာရှည်ခံဝတ်ဆင်လို့ရတဲ့ ဟန်းမိတ်လက်ဝတ်ရတနာလေးတွေ အဖြစ် ကျွန်မတို့ ဖန်တီးပြုလုပ်ပါတယ်။
Hydrangea ဆိုတဲ့ နာမည်က Greek စကားလုံး “Hydro” ရေနဲ့ “Angos” ခရားလို့ အဓိပ္ပာယ်ရတဲ့ စာလုံးတွေကနေ ဆင်းသက်လာတာပါ။ သူက ဘောလုံးပုံစံလို လုံးလုံးလေး အဆုပ်လိုက် အငုံလိုက် ပွင့်တယ်။ သူ့ရဲ့ အရွက်တွေက ရေကိုတအားစုတ်ယူလို့ ပန်းအိုးထိုးတဲ့အခါ အရွက်တွေ အကုန်ချွေပြီးထိုးရတယ်လို့ ပြောကြတယ်။ ပန်းအိုးကို နှစ်ရက်တစ်ခါလောက် ရေလဲပေးရတယ်။
Hydrangea ပန်းရဲ့ origin ကိုတော်တော်များများက ဂျပန်လို့လက်ခံထားကြပါတယ်။ ဂျပန်အပြင် ကိုရီးယား၊ တရုတ်မှာလည်း အများအပြား တွေ့ရတယ်။ ဂျပန်နိုင်ငံမှာဆိုရင် Hydrangea ကတော်တော်လေးအရေးပါတဲ့ပန်းလေးပါ။ သူ့တို့က နက်ရှိုင်းတဲ့ခံစားချက်တွေ ၊ နားလည်ပေးမှုအတွက် ကျေးဇူးတင်တာနဲ့ တောင်းပန်တာတွေကို ကိုယ်စားပြုတယ်လို့ ဂျပန်တွေက သတ်မှတ်ထားကြပါတယ်။ ဒါကလဲ ဂျပန်ဧကရာဇ်တစ်ပါးက သူချစ်တဲ့မိန်းကလေးကို တိုင်းရေးပြည်ရေးတွေပဲအာရုံစိုက်မိနေပြီး သူမကိုဂရုမစိုက်ပေးနိုင်ခဲ့တာတွေအတွက် တောင်းပန်တဲ့အနေနဲ့ Hydrangea ပန်းလေးကို ပေးခဲ့တဲ့အတွက်ပါ။
ပန်းမျိုးစိတ်ကွဲ (၇၅)မျိုးလောက်ရှိတယ်။ Hydrangea ရဲ့ color range က အဖြူ၊ အပြာကနေ ခရမ်းရောင်၊ ပန်းရောင် အထိဖြစ်ပါတယ်။ စိုက်ပျိုးတဲ့မြေသားရဲ့ acidity levelအပေါ်မူတည်ပြီး ပွင့်တဲ့အရောင် ကွာခြားပါတယ်။
အရောင်အလိုက် အဓိပ္ပာယ်တွေပြောရရင် ပန်းရောင်ကို နက်ရှိုင်းတဲ့ခံစားချက်တွေကိုဖော်ပြရာမှာသုံးပါတယ်။ ပန်းရောင် Hydrangea က နှလုံးပုံစံနဲ့ဆင်တူတာဖြစ်တဲ့အတွက် ဒီအဓိပ္ပာယ်အတွက်တကယ်ကို လိုက်ဖက်တယ်လို့ တော်တော်များများကလဲ ခံယူကြပါတယ်။ အပြာရောင်ကတော့ တောင်းပန်ခြင်းနဲ့ နောင်တရတယ် ဆိုတာကိုပြောချင်တဲ့အခါ ပေးကြပါတယ်။ခွင့်လွှတ်ဖို့တောင်းခံရာမှာလည်းအသုံးပြုပါတယ်ရှင်။ အဖြူရောင်ကတော့ မိမိကိုယ်ကိုအထင်ကြီးခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုသယ်ဆောင်ပြီး သန့်စင်မှုကိုလည်း ဆောင်ပါတယ်။ ခရမ်းရောင်ကတော့ နှစ်ဦးကြားနားလည်မှုတည်ဆောက်လိုခြင်းပါ။
🍀 သဘာဝ ပန်းလေးတွေကို ကိုယ့်ဘာသာ အခြောက်ခံရင် အနည်းဆုံး တစ်ပါတ် ကြာပါတယ်။ အခြောက်ခံပြီးသား ပန်းလေးတွေ မကြွေဘဲ မာမာလေး ဖြစ်အောင် ဖန်တီးချိန် ၃ ရက် အချိန်ယူပါတယ်။ သဘာဝကျကျ အကြောလေးတွေပါ မြင်နေရတဲ့ ချစ်စရာ Hydrangea ပန်းလေးတွေ လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်ချင်ရင် Hers Jewel and Handmade မှာ order မှာလို့ရပါတယ်ရှင့်။
ပန်းလက်စွပ်



ပန်းလက်စွပ်ကို ပုလဲနှင့် ကျောက်လေးများတွဲဖက်ပြီး အလှဆင်ထားပါတယ်။ လက်ဆိုဒ် အတိုင်းမလို ကွင်းအရှင်ပါ။ အနက်ရောင်၊ ဆင်စွယ်ရောင်၊ အနီရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင်နှင့် Hot Pink အရောင်များရပါတယ်။
Add Your Heading Text Here
Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

Add Your Heading Text Here
Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.