လေ့လာမယ်။ ဖန်တီးမယ်။ မျှဝေမယ်။
ကိုယ်စိတ်ဝင်စားတဲ့ ဟန်းမိတ် လက်၀တ်ရတနာလေးတွေ ဖန်တီးရင်း အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို စတင်လိုက်ရအောင်။
ကိုယ်စိတ်ဝင်စားတဲ့ ဟန်းမိတ် လက်၀တ်ရတနာလေးတွေ ဖန်တီးရင်း အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို စတင်လိုက်ရအောင်။
“Every piece of jewelry tells a story.”
– Gem Hunt
Founder/ Handmade Jewelry Instructor
စုမြတ်နိုင်
Hers Jewel and Handmade ကို ၂၀၁၈ နှစ်ကုန်ခါနီးမှာ စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ ကျွန်မက ကိုယ်တိုင် ဟန်းမိတ်လက်ဝတ်ရတနာလေးတွေ ဖန်တီးရတာကို နှစ်သက်တဲ့အတွက် Beaded Jewelry, Macrame Jewelry, Preserved Flower Jewelry, Resin Jewelry, Japanese Clay Jewelry, Wire Jewelryနဲ့ Recycle Jewelry Making, Metalsmithing technique တွေကို လက်လှမ်းမီသလောက် လေ့လာဆည်းပူးထားပါတယ်။
Gemological Institute of America ကပေးအပ်တဲ့ Diploma in Applied Jewelry Professional (A.J.P) ကိုလည်း ရရှိထားပါတယ်။
ကျွန်မလိုပဲ အားလပ်ချိန်မှာ ဟန်းမိတ် လက်ဝတ်ရတနာလေးတွေ ပြုလုပ်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် ပညာမျှဝေပေးချင်တဲ့ ဆန္ဒနဲ့ ၂၀၁၉ ခုနှစ်ကစပြီး အခြေခံ Handmade Jewelry Making Workshop လေးတွေ ပြုလုပ်ပေးဖြစ်ပါတယ်။ ၂၀၂၀ နှစ်လယ်ကစပြီး Online Class လေးလဲ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ကျွန်မအကြောင်း အသေစိတ်ကို အောက်မှာပေးထားတဲ့ ကျွန်မအကြောင်းဆိုတဲ့နေရာမှာ ဖတ်ရှုနိုင်ပါတယ်။
သင်တန်းများ
Handmade Jewelry 101 (Monthly Class)
အခြေခံ ဟန်းမိတ် လက်ဝတ်ရတနာ ပြုလုပ်နည်း
လစဉ် တစ်လတစ်ကြိမ် အခြေခံ ဟန်းမိတ် လက်ဝတ်ရတနာ ပြုလုပ်နည်းသင်တန်းလေးတွေကို တစ်ခါမှ ဟန်းမိတ်လက်ဝတ်ရတနာလေးတွေ မပြုလုပ်ဘူးတဲ့ လူတွေအတွက် ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ သင်တန်းချိန်နဲ့ ဘာတွေသင်ကြားပေးမလဲဆိုတာကတေ့ာ.....
Handmade Jewelry 101 (Online Class)
အွန်လိုင်းမှာ လက်ဝတ်ရတနာလုပ်နည်း လေ့လာမယ်
၂၀၂၀ နှစ်လယ်ကစပြီး နယ်က ဝါသနာရှင်တွေနဲ့၊ သင်တန်းကို ကိုယ်တိုင်လာမတက်နိုင်တဲ့ သူတွေ Online မှာ လေ့လာလို့ရပါပြီ။ ကြိုက်တဲ့အချိန် Website ပေါ်မှာ log in ၀င်ပြီး ရိုးရှင်းလွယ်ကူတဲ့ လုပ်နည်းလေးတွေကို step by step video လေးတွေနဲ့ လေ့လာလို့ရတယ်။ Group meetup မှာ မလုပ်တတ်တာတွေကို ဆွေးနွေးနိုင်ပါတယ်။
Private Handmade Jewelry Workshop
သီးသန့်အဖွဲ့လိုက် (သို့) တစ်ဦးချင်းသင်တန်းပေးခြင်း
သီးသန့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ သင်ကြားချင်တဲ့သူတွေအတွက် အားတဲ့အချိန်နဲ့ နေရာညှိပြီး သင်ကြားပြသပေးပါတယ်။ စိတ်၀င်စားတဲ့ Foreigners တွေကိုလည်း သီးသန့် သင်တန်းလေးတွေ ပြုလုပ်ပေးပါတယ်။ မေမေနဲ့ မီးမီး ဟန်းမိတ်အတူတူလုပ်ချင်ရင်လည်း Kid friendly class လေးတွေ လုပ်လို့ရပါတယ်။ သီးသန့်သင်တန်းတွေကိုတော့ လိုအပ်ချက်အရ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။
Consulting Service
(အကြံပေး ဝန်ဆောင်မှု)
ကျွန်မဆီမှာ သင်တန်းတက်ပြီး လုပ်ငန်းတစ်ခုစတင်တဲ့ သူတွေအတွက် လိုအပ်တဲ့အကြံဉာဏ်နဲ့ အကူအညီတွေပေးနေပါတယ်။ ကုန်ကြမ်းဝယ်ယူမှုအပိုင်း၊ စျေးနှုန်းသတ်မှတ်ခြင်း၊ ကျောက်မျက်ဗဟုသုတ၊ Display နဲ့ Packaging အပိုင်း၊ Logistic အပိုင်း စသဖြင့် လုပ်ငန်းလုပ်ကိုင်ရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဖြတ်ကျော်ဖို့ လိုအပ်တဲ့ ဆွေးနွေးမှုများ ပြုလုပ်ပေးနေပါတယ်။
သင်တန်းရဲ့ ရလာဒ်တွေက ဘာတွေလဲ။
ကျွန်မတို့ သင်တန်းကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လာတက်ကြတယ်။ ဝါသနာပါလို့ လာတက်တဲ့လူတွေရှိတယ်။ သင်တန်းပြီးတဲ့အခါ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်ဖို့ လာတက်တဲ့လူတွေရှိတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ လာတက်သည်ဖြစ်စေ သင်တန်းလေး ပြီးတာနဲ့ ကိုယ်တိုင်ဝတ်ဆင်ဖို့ လက်ဝတ်ရတနာ တစ်ဆက်စာကို ရရှိမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်လုပ်ထားတဲ့ ဟန်းမိတ် လက်ဝတ်ရတနာလေးတွေကို သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိတ်ဆွေတွေကို လက်ဆောင်ပေးလို့ရတယ်။ သင်တန်းသူ တစ်ချို့ဆိုရင် Handmade Jewelry Creation 101 သင်တန်းလေးပြီးတဲ့အခါ Facebook page လေးတွေထောင်ပြီး ကိုယ်ပိုင်ဒီဇိုင်းလေးတွေ ဖန်တီးရောင်းချကြတာတွေ့ရတဲ့အတွက် အလွန်ဝမ်းမြောက် ကြည်နူးမိပါတယ်။
"သင်တန်းသားတွေရဲ့ အမြင်"
Handmade Jewelryလေးတွေ လုပ်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Hers jewel and handmade က class လေးကို join လိုက်ပါလို့😊😊