Hers Jewel and Handmade ၏ ထုတ်ကုန်များ
ကျွန်မတို့ Hers Jewel and Handmade ကတော့ လက်မှု လက်ဝတ်ရတနာ လုပ်ငန်းလေးတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ဆီမှာ ဝယ်ယူရရှိနိုင်တဲ့ ပစ္စည်းလေးတွေကတော့ ပုလဲ လက်ဝတ်ရတနာများ၊ Agate, semi-precious ကျောက်ပုတီးအမျိုးမျိုးနှင့် ဖန်တီးထားသော Beaded လက်ဝတ်ရတနာများ၊ ချစ်စရာကောင်းသည့် ပန်းအစစ်ကို အခြောက်ခံပြီး ပြုလုပ်ထားသော လက်ဝတ်ရတနာ ပစ္စည်းများ၊ ဆန်းသစ်သော Micro-Macrame ခေါ် ကြိုးထိုး လက်မှု လက်ဝတ်ရတနာများ၊ ကျောက်အရိုင်းတုံးလေးများနှင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ၊ 925 ငွေထည် ပစ္စည်းများ၊ Birthstone ခေါ် မွေးလ အဆောင်ကျောက်များပဲ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ထုတ်ကုန်လေးတွေက အမျိုးသမီးတွေအတွက် အလှကျက်သရေ တိုးတက်စေဖို့ အဓိက ရည်ရွယ်ပါတယ်။ အမျိုးသမီးတွေ လက်ဝတ်ရတနာ ဝတ်ဆင်တယ်ဆိုတာ အလှအပတစ်ခုတည်းအတွက်ပဲ မဟုတ်ပါဘူး။ ကျောက်တွေရဲ့ အစွမ်းထက်တဲ့ အာနိသင်ကို ယုံကြည်တဲ့အတွက်ကြောင့်လဲ ဝတ်ဆင်ကြပါတယ်။ ယုံကြည်သူတွေအတွက် စိတ်ခံစားမှုကို ကောင်းမွန်စေတယ်၊ ကံကောင်းစေတယ်၊ ချမ်းသာမှု ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးပါတယ်။
ကျွန်မတို့ရဲ့ အထူးထုတ်ကုန်တစ်ခုဖြစ်တဲ့ ယောဂ လက်ကောက် (ခေါ်) ချာကရ (၇)မျိုး လက်ကောက်မှာဆိုရင် လူတွေရဲ့ Energy level ကို မြှင့်တင်ပေးတဲ့ ကျောက်ခုနှစ်မျိုးကို ချာကရ အစီအရင်အတိုင်း သုံးထားတာ ဖြစ်ပါတယ်။ ချာကရ အစီအရင်ဟာ မကောင်းတဲ့ Energy တွေကို ဖယ်ရှားပြီး ကျန်းမာရေး လူမှုရေး တိုးတက်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
အမျိုးသားတွေအတွက်လည်း ဟန်းမိတ် ကျောက် လက်ပါတ်အမျိုးမျိုး ဝယ်ယူနိုင်ပါတယ်။ စုံတွဲလက်ပါတ်လေးတွေ၊ လက်စွပ်လေးတွေလဲ စိတ်တိုင်းကျ order ပေး မှာယူလို့ ရပါတယ်။
ကျွန်မတို့ Hers Jewel and Handmade မှ ကမ္ဘာမြေပျက်စီးမှုလျော့ပါးစေဖို့ စွန့်ပစ်ပစ္စည်းများကို တစ်ဖန် ပြန်လည်အသုံးပြုစေဖို့ ရည်ရွယ်ချက်နဲ့ အသုံးမပြုတော့တဲ့ စက္ကူများ၊ Soda tap များ၊ အဝတ်ဖြတ်စများကို အသုံးပြုပြီး Recycle Jewelry လေးတွေလည်း ဖန်တီးပြုလုပ်ပါတယ်။
ကျွန်မတို့ရဲ့ ထုတ်ကုန်လေးတွေကို စိတ်ဝင်စားတယ်ဆိုရင် ဝင်ရောက်လေ့လာနိုင်ပါတယ်။